နေပြည်တော်၊ သြဂုတ် လ ၁ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ၁-၈-၂၀၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ သင်တန်းခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်း အုပ်ချုပ်သူများနှင့် သင်တန်းသား/သူ (၅၄) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းစည်းကမ်း များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၉:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါ သည်။ လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများအားရုံးလုပ်ငန်းများ လက်တွေ့လုပ်ဆောင်ရာတွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းသား/သူ (၅၄)ဦးတို့အား ၁-၈-၂၀၁၈ ရက်နေ့မှ ၁၁-၈-၂၀၁၈ ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ပါ သည်။
စာရေးဝန်ထမ်းကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ UNDP ဌာနေကိုယ်စားလှယ် Peter Batchelor နှင့် UNHCR ဒုတိယဌာနေကိုယ်စားလှယ် Cecile Fradot တို့အား နေပြည်တော်၌တွေ့ဆုံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။
နေပြည်တော်၊ သြဂုတ် ၆ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ် Mr. Peter Batchelor နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဒုတိယဌာနေ ကိုယ်စားလှယ် Ms. Cecile Fradot တို့အား သြဂုတ်လ(၆)ရက်နေ့ ယနေ့ နံနက်(၁၀)နာရီအချိန် တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် UNDP နှင့် UNHCR တို့မှ ပူးပေါင်းကူညီဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ UNDP နှင့် UNHCR တို့မှ ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အတွင်း သွားရောက်ကွင်းဆင်းလေ့လာခဲ့မှု အခြေအနေများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပြန်လည်နေရာချထားပေးနိုင်မည့် ကျေးရွာများအခြေအနေ၊ UNDP နှင့် UNHCR တို့ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) ပါ အချက်အလက်များအတိုင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အခြေအနေ များ၊ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွာဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရေရှည်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ ပြန်လည်ဝင်ရောက်လာသူများ အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ မောင်တောရှိ UNHCR ရုံး အဆောက်အဦများ ပြုပြင်မွမ်းမံဆောက်လုပ်မည့်အခြေအနေများ၊ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှု များတွင် ဝန်ကြီးဌာနနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ အား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Peter Lysholt Hansen လာရောက်တွေ့ဆုံ
နေပြည်တော် သြဂုတ် ၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံမှ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Peter Lysholt Hansen အား ယနေ့နံနက် ၁၀၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား တမူး-မိုးရေးနှင့် ရီခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက် ဂိတ်များ ယနေ့ တစ်ပြိုင်တည်းဖွင့်လှစ်
နေပြည်တော်၊ ဩဂုတ် ၈ ။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ အကောင်အထည် ဖော်ဆောင်ရွက်သည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး တမူး မြို့နယ်နှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် မိုးရေးမြို့နယ်တို့ရှိ တမူး-မိုးရေးအပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ဂိတ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဇိုခေါသာ မြို့တို့ရှိ ရီခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ဂိတ် ဖွင့်ပွဲများကို ဩဂုတ် ၈ ရက် တွင် တစ်ပြိုင်တည်းကျင်းပသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေး အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက် ဂိတ် ဖွင့်ပွဲကို ဩဂုတ် ၈ ရက်၊ နံနက်(၈)နာရီခွဲတွင် တမူးမြို့ရှိ ချစ်ကြည်ရေးတံတားအနီး အဆိုပါ ဝင်/ထွက် ဂိတ်မုဒ်ဦး၌ကျင်းပရာ အစီအစဉ်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အပြည်ပြည် ဆိုင်ရာ နယ်စပ် ဝင်/ထွက်ဂိတ်များ ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မန္တလေးမြို့ ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Nandan Shigh Bhaisora နှင့် တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်တို့က အမှာစကား အသီးသီးပြောကြားကြသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ကောင်စစ်ဝန်ချုပ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး တို့က တမူး-မိုးရေး အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက်ဂိတ် မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး ဝင်/ထွက်ဂိတ်အတွင်း လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးလုပ်ငန်း အခြေအနေများကိုလှည့်လည် ကြည့်ရှုအားပေးကြသည်။
အလားတူ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရီခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက်ဂိတ်ဖွင့်ပွဲကို ဩဂုတ် (၈) ရက် ၊ နံနက် (၈) နာရီခွဲတွင် ရီခေါဒါရ်မြို့ရှိ အဆိုပါ ဝင်/ထွက်ဂိတ် မုဒ်ဦး၌ကျင်းပရာ အစီအစဉ်အရ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးဝန်ကြီး Mr. H Bohluma တို့က အမှာစကားအသီးသီး ပြောကြားကြသည်။
ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း၊ စစ်တွေမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကောင်စစ်ဝန်ချုပ် Dr. Kumar Praveen နှင့် လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးဝင်းနီဦး တို့က ရီခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက်ဂိတ် မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေးလုပ်ငန်းအခြေအနေများကို လှည့်လည်ကြည့်ရှု့အားပေးကြသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား တမူး-မိုးရေးနှင့် ရီခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ဂိတ်များဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့်e-Visaပါရှိသော မြန်မာနိုင်ငံသား များသည် အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ သက်တမ်းရှိသောနိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်ရာနိုင်ငံ ၏ မြန်မာနိုင်ငံသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာ (သို့မဟုတ်) e-Visa ပါရှိသည့် အိန္ဒိယနိုင်ငံသား နှင့် အိန္ဒိယနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံခြားသား (တတိယနိုင်ငံသား)များသည် မြန်မာနိုင်ငံသို့ လည်းကောင်း ဝင်/ထွက်သွားလာနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာသူများအနေဖြင့် မည်သည့်အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်များမှမဆို ပြည်ပသို့ပြန်လည် ထွက်ခွာနိုင်ကြောင်းနှင့် သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသားများ အား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြုကြောင်း သိရှိရသည်။
ထို့အပြင် အဆိုပါအပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ပေါက်များတည်ရှိရာ နယ်စပ်ဒေသ၌ နေထိုင်သူ မြန်မာနှင့်အိန္ဒိယနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Borderpass) ဖြင့် နယ်စပ်မျဉ်းမှ (၁၆) ကီလိုမီတာအကွာအဝေးအထိ ဝင်/ထွက်ခွင့်ပြပြီး တစ်ကြိမ်ဝင်/ ထွက်ခွင့်အတွက် (၁၃) ညအိပ် (၁၄) ရက်ခွင့်ပြုပေးလျက်ရှိကြောင်း သတင်းရရှိသည်။ (-)
၂၀၁၈ ခုနှစ် ၊ ဇူလိုင် လ အတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၈၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်နေရာ ၂၃၀၀၀ ကျော်အားခန့်ထားနိုင်ခဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်း နှင့်ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၇ခုနှစ် အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီးသင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့်အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက် စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက် ရှိရာ ၂၀၁၈ခုနှစ်၊ ဇူလိုင် လ အတွင်းအောက်ဖော်ပြပါအတိုင်းအလုပ်အကိုင်များဆောင်ရွက်ပေးခဲ့ပါသည်။ အပြည့်အစုံဖတ်ရှုရန်
ILO ၏စံများလိုက်နာကျင့်သုံးမှုဆိုင်ရာကော်မတီသို့ တင်ပြမည့် ပြည့်စုံကောင်းမွန်သော အစီရင်ခံစာတစ်စောင်ပြုစုရရှိနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် သြဂုတ် ၁၀ ရက်
၂၀၁၈ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကာလအတွင်း စံများလိုက်နာကျင့်သုံးမှုဆိုင်ရာကော်မတီတွင် မြန်မာ နိုင်ငံမှ ၁၉၅၅ခုနှစ် ကတည်းက လက်ခံကျင့်သုံးထားသည့် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းနှင့် စုရုံးလုပ်ဆောင်ခွင့်ဆိုင်ရာ ပြဌာန်းချက်အမှတ် – ၈၇(Freedom of Association and Protection of the Right to Organize Convention, 1948(No.87) ) နှင့်စပ်လျဉ်း၍ အကောင်အထည်ဖေါ် ဆောင်ရွက်မှုအားနည်းသည်ဟုဆိုကာ နိဂုံးချုပ်မှတ်ချက်များချမှတ်ခဲ့သဖြင့် ၂၀၁၈ခုနှစ်၊စက်တင်ဘာ ပထမပတ်တွင် ILO ၏စံများလိုက်နာကျင့်သုံးမှုဆိုင်ရာ ကော်မတီသို့ အစီရင်ခံစာ ပြုစုပေးပို့ရမည် ဖြစ်၍ပြည့်စုံကောင်းမွန်သော အစီရင်ခံစာတစ်စောင် ပြုစုနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဦးစီး၍ ညှိနှိုင်းဆွေးနွေးပွဲအား ယနေ့န့နက် ၀၉၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခမ်းမ၌ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာ နှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ပြည်ထဲရေးဝန်ကြီးဌာန၊နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့် ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ညှိနှိုင်း အစည်းအဝေးသည် ဇွန်လအတွင်း ကျင်းပခဲ့သည့် (၁၀၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာညီလာခံ၌ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းနှင့်စုရုံးလုပ်ဆောင် ခွင့်ဆိုင်ရာ ပြဌာန်းချက်အမှတ် – ၈၇ လိုက်နာကျင့်သုံးမှုနှင့်ပတ်သက်၍ ILO စံနှုန်းများလိုက်နာ ကျင့်သုံးမှုဆိုင်ရာကော်မတီတွင်ထည့်သွင်းဆွေးနွေးစဉ် အလုပ်သမားအဖွဲ့အစည်းဥပဒေ၊အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေနှင့် အထူးစီးပွားရေးဇုန်ဥပဒေတို့ကို ပြဌာန်းခွင့်နှင့်ကိုက်ညီအောင် အကောင် အထည်ဖော်မှုအားနည်းကြောင်း သုံးသပ်ပြီး Direct Contacts Mission တစ်ခုလက်ခံရန် အပါအဝင် နိဂုံးချုပ်မှတ်ချက်(၆)ချက် ချမှတ်ခဲ့ခြင်းအပေါ်တိုးတက်ဆောင်ရွက်ထားရှိမှုအစီရင်ခံစာ ပြုစုနိုင်ရန် သက်ဆိုင်သည့်ဝန်ကြီးဌာနများဖြင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
ပြဌာန်းချက်အမှတ်-၈၇နှင့်စပ်လျဉ်း၍ စက်တင်ဘာလဆန်းတွင် တိုးတက်မှုအစီရင်ခံစာ ပြုစုပြီး ILO ထံပေးပို့ရမည်ဖြစ်ကြောင်း၊ အဆိုပါအစီရင်ခံစာတွင် လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေသည့် အချက်အလက်များသာမက ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုပါ ရှင်းလင်းစွာ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ILO မှ ကမ်းလှမ်းထားသည့် Direct Contacts Mission လာရောက်ချိန်တွင် နိဂုံးချုပ်မှတ်ချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ထားမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ရရန်ဖြစ်ပါကြောင်း။
အစီရင်ခံစာပြုစုရာတွင် အဓိကအားဖြင့် အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေများကို အကောင်အထည်ဖော်ခြင်းနှင့် အထူးစီးပွားရေးဇုန်များတွင် အလုပ်သမား ရေးရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုပြဌာန်းချက်အမှတ် – ၈၇ နှင့်အညီ ဖြစ်အောင်ဆောင်ရွက်ထားရှိမှုကိုထည့်သွင်းဖေါ်ပြရမည် ဖြစ်ပါကြောင်း။
အစီရင်ခံစာပြုစုရာတွင် မိမိတို့ဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သည် အဓိကဖြစ်ပါကြောင်း၊ တိုက်ရိုက်သက်ဆိုင်သည့်ဌာနများအနေဖြင့် မိမိတို့ ဌာနများ၏ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို ခိုင်ခိုင်မာမာ ဖြေကြားပေးရန်နှင့် အကြံဉာဏ်ကောင်းများပေးနိုင်ကြရန် အလေးထား ပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် တို့မှ အစီရင်ခံစာတင်ပြနိုင်ရေးနှင့်ပတ်သက်၍ နိဂုံးချုပ်မှတ်ချက်များအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ ပြည့်စုံကောင်းမွန်သော အစီရင်ခံစာတစ်စောင်ရရှိနိုင်ရေး အတွက်ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Adul Sangsingkeo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် သြဂုတ် ၁၆
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Adul Sangsingkeo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၀၉၃၀ နာရီအချိန် တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင်လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၌ နိုင်ငံခြားသား အလုပ်သမားခေါ်ယူရေးဆိုင်ရာ မူဝါဒများ ပြောင်းလဲကျင့်သုံးခြင်း၊ ဥပဒေများပြင်ဆင်ပြဌာန်းခြင်းဖြင့် အလုပ်သမားများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများ ပိုမိုရရှိအောင်ဆောင်ရွက်ပေးမှုများတွင် မြန်မာအလုပ်သမားများ၏ လိုက်နာမှုအားနည်းခြင်းများနှင့်ပတ်သက်၍ ဖြေလျော့ပေးနိုင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်သာအလုပ်သမားများစေလွှတ်ရေးကိစ္စရပ်များ၊ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးရေး စခန်းများဖွင့်လှစ်၍ ဆောင်ရွက်ပေးနိုင်ခဲ့မှုကိစ္စရပ်များ၊ထိုင်းနိုင်ငံမဟာချိုင်တွင်သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊မိသားစုလွဲပို့ငွေများကို တရားဝင်လွဲပြောင်းနိုင်ရေးပူးပေါင်း ဆောင်ရွက်ရမည်ကိစ္စရပ်များ၊မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏သားသမီးများကိုပညာသင်ကြား ပေးနေသည့် ဆရာ/ဆရာမများအား အသိအမှတ်ပြု၍ ထိုင်းဥပဒေသစ်နှင့် အညီတရားဝင် စာသင် ကြားခွင့်ရရှိရေးကိစ္စရပ်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် မမှန်မကန် ဆောင်ရွက် နေသည့် ပွဲစားများနှင့် နယ်စပ်ဖြတ်ကျော်၍ထိုင်းနိုင်ငံသို့တရားမဝင်ပို့ဆောင်နေသည့် ပွဲစားများကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ကိစ္စရပ်များ၊ ထိုင်းနိုင်ငံတွင်လိုအပ် နေသောရေလုပ်သားလေးသောင်းကျော် အတွက် MoU စနစ်ဖြင့်စေလွှတ်ပေးနိုင်ရေး ကိစ္စရပ်များ၊ Visa အတုများဖြင့်အလုပ်သမားစေလွှတ်နေသူများအား ဖမ်းဆီးနိုင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံ တွင်ရောက်ရှိလုပ်ကိုင်နေသည့် ရေလုပ်သားများစာရင်းရရှိရေး ကာကွယ်စောင့်ရှောက်ရေးနှင့် သက်တမ်း တိုးမြှင့်လုပ်ကိုင်နိုင်ရေးကိစ္စရပ်များ၊ အလုပ်သမားပြဿနာများကို အချိန်နှင့်တပြေးညီ ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံအကြား သတင်းအချက်အလက်ဖလှယ်မှုစနစ် တည်ထောင်နိုင်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ် သမားများ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက နှစ်နိုင်ငံနီးနီးကပ်ကပ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက် နိုင်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
၂၀၁၈ ခုနှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ဒုတိယအကြိမ်) ကွင်းဆင်းစာရင်း ကောက်ယူနိုင်ရေး စစ်တမ်းမေးခွန်းလွှာသင်တန်းဖွင့်လှစ်
နေပြည်တော်၊ ဩဂုတ် ၂၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသည် ရာသီချိန်ပြောင်းလဲမှုအကြား အလုပ်လက်ရှိ၊ အလုပ်လက်မဲ့တို့၏ ကွာခြားမှုကို သိရှိနိုင်ရန် နှစ်စဉ်လုပ်သားအင်အားစစ်တမ်းကို တစ်နှစ်လျှင်နှစ်ကြိမ် ကောက်ယူ လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ဒုတိယအကြိမ်) ကွင်းဆင်းစာရင်း ကောက်ယူနိုင်ရန် စစ်တမ်းမေးခွန်းလွှာသင်တန်းကို ၂၇-၈-၂၀၁၈ ရက်နေ့မှ ၂၈-၈-၂၀၁၈ ရက်နေ့ ထိ နေပြည်တော်ရုံးချုပ်တွင် ဖွင့်လှစ်ပို့ချခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၇-၈-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရုံးချုပ်အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်ချက်အရ Seasonal Workers စာရင်းသိရှိနိုင်ရန် စစ်တမ်းကောက်ယူခြင်းဖြစ် ကြောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီး ကလေးအလုပ် သမားဆိုင်ရာ မေးခွန်းများထပ်တိုး ကောက်ယူမည်ဖြစ်ကြောင်း၊ စာရင်းကောက် အချက်အလက် များသည် ဝန်ကြီးဌာန အတွက်သာမက နိုင်ငံကို ကိုယ်စားပြုသည့် အချက်အလက်များဖြစ်၍ ပြည့်စုံမှန်ကန်သည့် စာရင်းဇယားရှိမှ နိုင်ငံတော်အတွက် စီမံကိန်းများချမှတ် ဆောင်ရွက်နိုင်မှာ ဖြစ်၍ စစ်တမ်းကောက်ယူမှုသည် အရေးကြီးကြောင်း၊ စစ်တမ်းကောက်ယူချိန် အခြားဌာန ဆိုင်ရာများနှင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်အကိုင်ဆိုင်ရာ သွင်ပြင်လက္ခဏာ များ (Employment Characteristics) ကို သိရှိနိုင်ရန်နှင့် Update စာရင်းများရရှိရန် တစ်နှစ်လျှင် ၂ ကြိမ် စစ်တမ်းကောက်ယူနေခြင်းဖြစ်ပြီး နောင်နှစ်တွင် Quarterly ကောက်ယူရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့-ILO (နေပြည်တော်) မှ တာဝန်ရှိသူများက စစ်တမ်းမေးခွန်းလွှာပါ အဓိပ္ပါယ်သတ်မှတ်ချက်များ၊ စာရင်းကောက်ကွက်မြေပုံနှင့် အိမ်ထောင်စုစာရင်းစဉ်ပြုစုခြင်း၊ မေးခွန်းလွှာဖြည့်သွင်းခြင်း၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်း ခွဲခြားရေးစံထားအညွှန်းနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်အကိုင်ခွဲခြားရေး စံထားအညွှန်း စသည်တို့ကို ဆွေးနွေးပို့ချမည် ဖြစ်သည်။
သင်တန်းသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၆၀ ဦးခန့်တက်ရောက်ခဲ့ပြီး၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ စာရင်း ကောက်ကွက်ပေါင်း ၇၈၀၊ အိမ်ထောင်စုပေါင်း ၁၄,၀၄၀ တွင် ကြီးကြပ်ရေးမှူး ၁၅ ဦးနှင့် စာရင်းကောက်သူ ၈၁ ဦးတို့က ၃-၉-၂၀၁၈ ရက်နေ့တွင်စတင် ကွင်းဆင်းစာရင်း ကောက်ယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဘေးကင်းလုံခြုံပြီး မျှတမှုရှိသော ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းစီမံကိန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
၃၀-၈-၂၀၁၈ နေပြည်တော်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သည် International Labour Organization (ILO) နှင့် UN Women တို့ဖြင့် ပူးပေါင်း၍ ဘေးကင်း လုံခြုံပြီးမျှတမှုရှိသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း စီမံကိန်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၃၀ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ EU သံအမတ်ကြီး HE. Kristian Schmidt ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO-Yangon) မှ Liaison Officer Mr.Rory Mungoven နှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ EU/ UN/ NGOs/ INGOs တို့မှကိုယ်စားလှယ်များ၊ Private Sector နှင့်အရပ်ဖက် လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစားပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲသည် ထိခိုက်လွယ်တဲ့ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ အကြမ်းဖက်ခံရမှု၊ လူကုန်ကူးခံရမှု လျော့နည်းလာစေရန် ကျား/မရေးရာ၌ စိတ်ပါဝင်စားစွာ သတိပြု ဆောင်ရွက်သည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံအုပ်ချုပ်မှု မူဘောင်နှင့် ပိုမို ကောင်းမွန်သည့် ကာကွယ်စောင့် ရှောက်မှုများရရှိစေရန်အတွက် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံတွင် စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါကြောင်း။
ယခုဆွေးနွေးပွဲသည် အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဆောင်ရွက်လျက်ရှိသည့် EU-UN Spotlight Initiative နှစ်ရှည် စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ILO အဖွဲ့နှင့် UN Women အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော အာဆီယံဒေသတွင်းအမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ၏ရပိုင်ခွင့်များနှင့်အခွင့် အရေးများရရှိစေခြင်း “Safe & Fair” စီမံကိန်း (၂၀၁၈-၂၀၂၂) ကိုမိတ်ဆက်ပေးမှာ ဖြစ်ပါကြောင်း။
Safe & Fair စီမံကိန်းသည် ကျား/မ အခြေပြု လုပ်သားများရွှေ့ပြောင်းသွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်များဖြင့် အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများကို ပိုမို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများ အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးခံရမှုလျော့နည်းလာပြီးအရည်အသွေးပြည့်ဝသည့်ဝန်ဆောင်မှုကိုအကျိုးခံစားခွင့်ရရှိစေခြင်း၊အမျိုးသမီးများ၏ပါဝင်ဆောင်ရွက်မှုနှင့်အခွင့်အရေးဆိုင်ရာအချက်အလက်၊ အသိပညာဗဟုသုတ နှင့် သဘောထားများကောင်းမွန်တိုးတက်လာစေခြင်းစသည့် ရည်မှန်းချက်များနှင့်ဆောင်ရွက်မှာ ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ၏ သတင်းအချက်အလက် များကောက်ယူခြင်း၊ ဥပဒေနှင့်အကျိုးခံစားခွင့်များရရှိစေဖို့ ကာကွယ်စောင့်ရှောက်ခြင်းများပြုလုပ် ပေးရန်လက်ခံနိုင်ငံ၏ အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသမီးများသည်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကအခန်းကဏ္ဍမှပါဝင်ဆောင်ရွက် နေသူများဖြစ်သဖြင့် အမျိုးသမီးများအတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိ ခံစားစေရေး၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ လူမှုကာကွယ်စောင့်ရှောက်မှု များရရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု များရရှိခံစားရေးတို့အပြင် ၎င်းတို့သည် ထိခိုက်နစ်နာ လွယ်သူများဖြစ်ခြင်းကြောင့် ယင်းတို့ကို ကာကွယ်စောင့်ရှောက် ပေးရန် အလေးထားဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲတက်ရောက်လာသူများအနေဖြင့်မိမိတို့၏အတွေ့အကြုံ၊ကျွမ်းကျင်မှု၊အသိပညာ တို့ကိုအသုံးချပြီးယခုဆွေးနွေးပွဲတွင့် စိတ်အားထက်သန်စွာ အကြံပြုဆွေးနွေးခြင်းဖြင့် ဆွေးနွေးပွဲ အတွက် အကျိုးရလဒ်ကောင်းများထွက်ပေါ်လာမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေး၊ EU သံအမတ်ကြီး HE. Kristian Schmidt ၊ UN Women မှတာဝန်ရှိသူနှင့်(ILO-Yangon) မှ Liaison Officer Mr.Rory Mungoven တို့က အသီးသီးအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါညှိနှိုင်းဆွေးနွေးပွဲကို ၃၀-၈-၂၀၁၈ ရက်နေ့မှ ၃၁-၈-၂၀၁၈ ရက်နေ့ထိ ၂ ရက် ကြာကျင်းပ မည်ဖြစ်ကြောင်းသိရှိရပါသည်။
ဘေးကင်းလုံခြုံပြီး မျှတမှုရှိသော ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းစီမံကိန်းဆိုင်ရာ
ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် မှ အဖွင့်အမှာစကားပြောကြားစဉ်
ILO ၏စံများလိုက်နာ ကျင့်သုံးမှုဆိုင်ရာ ကော်မတီ (CAS ) သို့ ပေးပို့မည့် ပြုစုပြီး အစီရင်ခံစာအား ရှင်းလင်းဆွေးနွေးသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် သြဂုတ် ၃၁ ရက်
၂၀၁၈ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာနိုင်ငံမှ ၁၉၅၅ခုနှစ် ကတည်းက လက်ခံကျင့်သုံးထားသည့် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းနှင့် စုရုံးလုပ်ဆောင်ခွင့်ဆိုင်ရာ ပြဌာန်းချက်အမှတ် – ၈၇(Freedom of Association and Protection of the Right to Organize Convention, 1948(No.87) ) နှင့်စပ်လျဉ်း၍ လိုက်နာကျင့်သုံးမှုနှင့်ပတ်သူက်၍ILO ၏စံများလိုက်နာကျင့်သုံးမှုဆိုင်ရာ ကော်မတီ မှာထည့်သွင်းဆွေးနွေးစဉ် အကောင်အထည်ဖေါ် ဆောင်ရွက်မှုအားနည်းကြောင်းသုံးသပ်ပြီး Direct Contacts Mission တစ်ခုလက်ခံရန်အပါအဝင် နိဂုံးချုပ်မှတ်ချက်များချမှတ်ခဲ့ခြင်းအတွက် ပြန်လည်တင်ပြမည့် အစီရင်ခံစာ(မူကြမ်း)အား ချပြညှိနှိုင်းသည့် ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးစီး၍ ယနေ့န့နက် ၀၉၃၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ညှိနှိုင်း အစည်းအဝေးသည် ၂၀၁၈ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀၇)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် မြန်မာနိုင်ငံမှ ၁၉၅၅ခုနှစ် ကတည်းက လက်ခံကျင့်သုံး ထားသည့် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းနှင့် စုရုံးလုပ်ဆောင်ခွင့်ဆိုင်ရာ ပြဌာန်းချက်အမှတ် – ၈၇(Freedom of Association and Protection of the Right to Organize Convention, 1948(No.87) ) နှင့်စပ်လျဉ်း၍လိုက်နာကျင့်သုံးမှုနှင့်ပတ်သူက်၍ILO ၏စံများလိုက်နာကျင့်သုံးမှု ဆိုင်ရာကော်မတီမှာထည့်သွင်းဆွေးနွေးစဉ် အကောင်အထည်ဖေါ် ဆောင်ရွက်မှုအားနည်းကြောင်း သုံးသပ်ပြီး Direct Contacts Mission တစ်ခုလက်ခံရန်အပါအဝင် နိဂုံးချုပ်မှတ်ချက်များချမှတ် ခဲ့ခြင်းအပေါ် စက်တင်ဘာလ ပထမပတ်အတွင်းမှာ တိုးတက်မှုအစီရင်ခံစာပြုစုပြီး CAS ကော်မတီ သို့ ပြန်လည်တင်ပြမှာဖြစ်၍ မိမိတို့ဝန်ကြီးဌာနမှ Focal အဖြစ် တာဝန်ယူပြုစုထားသည့် CAS အစီရင်ခံစာကို HLWG အဖွဲ့ဝင်ဌာနများအား ချပြညှိနှိုင်းဆွေးနွေးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း။
CAS ကိုတင်ပြရမယ့် အစီရင်ခံစာဟာ နိုင်ငံအဆင့် အစီရင်ခံစာတစ်စောင် ဖြစ်တဲ့အတွက် ပြည့်စုံကောင်းမွန်ပြီးခိုင်မာသည့်အချက်အလက်များထည့်သွင်းနိုင်ရန်အလုပ်သမားရေးရာပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် အကြံဉာဏ်များပေးစေလိုပါကြောင်းပြောကြား ခဲ့ပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးတို့မှ CAS သို့တင်ပြရန်ပြုစုထားသည့် အစီရင်ခံစာအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲနှင့်ကိုယ်စားလှယ်များမှ အစီရင်ခံစာ၏ အားသာချက် အားနည်းချက်များ၊ ထပ်မံဖြည့်စွက်ရမည့်အချက်များနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြကြောင်းသတင်းရရှိပါသည်။
အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များတွင် ပါဝင်မည့် အဖွဲ့ဝင်ကိုယ်စားလှယ်များရွေးချယ်ရေး လုပ်ထုံးလုပ်နည်း (မူကြမ်း) ဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ စက်တင်ဘာလ ၄ ရက်
၂-၉-၂၀၁၈ ရက်နေ့၊ နံနက် (၀၉၀၀)နာရီတွင် ရန်ကုန်မြို့၊ Inya Lake Hotel ၌ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတွင် ပါဝင်မည့် အဖွဲ့ဝင်ကိုယ်စားလှယ်များ ရွေးချယ်ရေးလုပ်ထုံးလုပ်နည်း (မူကြမ်း)ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အိုင်အယ်လ်အို (ရန်ကုန်ရုံး)မှ Mr. Rory Mungoven (ILO, Liaison Officer)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) တို့မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးခုံသမာဓိအဖွဲ့မှ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ အတွင်းရေးမှူးများနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများစုစုပေါင်း (၅၄)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ယခင်ကအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များတွင် ပါဝင်မည့် ကိုယ်စားလှယ်များရွေးချယ်ရေး နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းသတ်မှတ်ပြဋ္ဌာန်းထားမှု မရှိသည့်အပေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ်ထုံးလုပ်နည်းကို ရေးဆွဲသတ်မှတ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများကိုကိုယ်စားပြုသည့် စစ်မှန်သောကိုယ်စားလှယ်များရွေးချယ်နိုင်ရေးနှင့် ကိုယ်စားလှယ်များရွေးချယ်ရာတွင် စနစ်တကျ ရွေးချယ်နိုင်ရေးအတွက် ကိုယ်စားလှယ်များရွေးချယ်ရေးလုပ်ထုံးလုပ်နည်း (မူကြမ်း) အပေါ်တက် ရောက်လာသည့် ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ရခိုင်ဒေသအတွင်း အခြေခံလူနေမှု နောက်ခံအားနည်းသော လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် Implementation Agreement လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ
နေပြည်တော် စက်တင်ဘာ ၇
၇-၉-၂၀၁၈ ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ရုံးအမှတ် (၅၁)၊ အစည်းအဝေးခန်းမ (၂) ၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနနှင့် GIZ တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်တွင်းရှိ ဒေသခံများ၊ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့(NSSA) ၏ လုပ်ငန်းခွင်အခြေပြုကျွမ်းကျင် လုပ်သားများ စစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းများအတွက် ကျွမ်းကျင်မှုအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ရန် Implementation Agreement လက်မှတ်ရေးထိုးရာတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းရှိန် ဦးဆောင်သောအဖွဲ့နှင့် GIZ Country Director Dr. Petra Shill တက်ရောက်ခဲ့ပါသည်။ သတင်းအပြည့်အစုံ..
လူမှုဖူလုံရေးဌာနတွင် လစ်လပ်လျက်ရှိ ရာထူးနေရာများအတွက် အောင်စာရင်း ထုတ်ပြန်ခြင်း
လူမှုဖူလုံရေးအဖွဲ့ မှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် ၊ အမိန့် ေကြာ်ငြာစာအမှတ် (၇၉)၂၀၁၈ ဖြင့် ထုတ်ပြန်သည့် ၁၈-၈-၂၀၁၈ မှ ၂၀-၈-၂၀၁၈ ထိ အရည်အချင်းစစ်စာမေးပွဲ ေဖြဆိုအောင်မြင်သူများ စာရင်း မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
အငယ်တန်းစာရေး(တိုင်းဒေသကြီး/ပြည်နယ်)_၁
အငယ်တန်းစာရေး(တိုင်းဒေသကြီး/ပြည်နယ်)_၂
၂၀၁၈ ခုနှစ် ၊ သြဂုတ်လအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၄၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်နေရာ ၂၄၀၀၀ ကျော်အားခန့်ထားနိုင်ခဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်း နှင့်ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၇ခုနှစ် အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီးသင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့်အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက် စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက် ရှိရာ ၂၀၁၈ခုနှစ်၊ ဇူလိုင် လ အတွင်းအောက်ဖော်ပြပါအတိုင်းအလုပ်အကိုင်များဆောင်ရွက်ပေးခဲ့ပါသည်။ အပြည့်အစုံ…
လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက် (SSB Information System) အတွက် နည်းပညာဆိုင်ရာ အရည်အသွေးအကဲဖြတ်ချက် ၇၀% နှင့်အထက် ရရှိသော ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီများစာရင်း ထုတ်ပြန်ကြေညာခြင်း
လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက် (SSB Information System) အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါအဆိုပြုလွှာများ တင်သွင်းထားသည့် ကုမ္ပဏီများအနက်မှ နည်းပညာဆိုင်ရာ အရည်အသွေးအကဲဖြတ်ချက် ၇၀% နှင့်အထက် ကုမ္ပဏီများစာရင်းအား ပူးတွဲပါဖြင့် ထုတ်ပြန်အပ်ပါသည် − ထုတ်ပြန်ချက် အပြည့်အစုံ…
ထိုင်းနိုင်ငံရှိရေလုပ်ငန်းများသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်နိုင်ရေး ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၁၁ ရက်
ထိုင်းနိုင်ငံရှိရေလုပ်ငန်းများသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ တရားဝင် စေလွှတ်နိုင်ရေး အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အမှုဆောင်ကော်မတီဝင်များနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ၁၁-၉-၂၀၁၈ ရက်နေ့ နေလည် ၁၃း၀၀ နာရီတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အမှုဆောင်ကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့သည့် မြန်မာ – ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေး၌ ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများ၌ ရေလုပ်သား ၄၂,၆၄၉ဦးခန့်လိုအပ်လျက်ရှိပြီး MoU စနစ်ဖြင့်ခေါ်ယူလိုသည်ကိုသိရှိရပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့မှ မြန်မာရေလုပ်သားအများစုသည် ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်လျက်ရှိရာ ထိုင်းနိုင်ငံမှ ပေးပို့သည့် စာရင်းအရ မြန်မာရေလုပ်သား ၄၀၀၀၀ ကျော်၊ ရေလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် မြန်မာအလုပ်သမား ၄၅၀၀၀ ကျော် နှင့် ရေထွက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ များတွင် မြန်မာအလုပ်သမား ၅၁၀၀၀ကျော်၊ စုစုပေါင်း ၁၄၅၀၀၀ကျော် ရှိနေသည်ကိုသိရှိရပါကြောင်း၊ ထပ်မံ၍လည်းမြန်မာနိုင်ငံမှရေလုပ်သား ၄ သောင်းကျော်ခေါ်ယူ လိုသည်ဟုပြောကြားထားပါကြောင်း။
ဝန်ကြီဌာနအနေဖြင့် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော အထောက်အထားမဲ့ မြန်မာရေလုပ် သားများ၊ ယာယီနိုင်ငံကူးလက်မှတ်သက်တမ်း (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity –CI) သက်တမ်းကုန်ဆုံးတော့မည့် မြန်မာရေလုပ်သားများ နှင့် ပြည်ဝင်ခွင့်ဗီဇာသက်တမ်းကုန်ဆုံးတော့မည့် မြန်မာရေလုပ်သားများ လက်ရှိအလုပ်မှာ ဆက်လက်လုပ်ကိုင်နိုင်ရန် MoU စနစ်ဖြင့် ပြန်လည်စေလွှတ်ပေးမည်ဖြစ်ပြီး၊ရေလုပ်သားများ၏ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ရေး ထိုင်းနိုင်ငံမှ အာမခံချက်များ ပေးမှုအပေါ် နိုင်ငံအတွင်းရှိ ရေလုပ်သားများ၏ အလုပ်အကိုင် အခွင့်အလမ်းကို ရှေးရှု၍ MoU စနစ်ဖြင့် ရေလုပ်သားစေလွှတ်ခြင်းကို Pilot project အနေနှင့်အစပျိုး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း။
ထိုသို့စေလွှတ်ရာမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့်အပြင် မြန်မာရေလုပ်သား အများဆုံးရှိသော ကော့သောင်းမြို့တွင် ရွှေ့ပြောင်း အလုပ်သမားရုံး ဖွင့်လှစ်၍ One Stop Service အနေနှင့် ဆောင်ရွက် ပေးနိုင်ရန်စီစဉ်ဆောင်ရွက်လျှက် ရှိရာ MoU လုပ်ငန်းစဉ်ဖြစ်သည့်အတွက် မြန်မာဘက်မှ အေဂျင်စီများမှ တစ်ဆင့် ဆောင်ရွက်ရမှာဖြစ်၍ ယခုကဲ့သို့ ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်ပါကြောင်း။
ရေလုပ်ငန်းနှင့် ရေလုပ်သားများသည် ထိခိုက်လွယ်သည့် အလုပ် အမျိုးအစား၌ ပါဝင်၍ အထူးဂရုပြု ဆောင်ရွက်ရမှာဖြစ်ပြီး အလုပ်ခေါ်စာ စတင်လက်ခံရရှိချိန်မှစ၍ တိကျသေချာသည့် အလုပ်ရှင်၊ရေလုပ်ငန်းရှင်၊ စက်လှေများအတွက် သတ်မှတ်ထားသည့် စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြရန်လိုအပ်သကဲ့သို့ အလုပ်ခေါ်စာတွင်ပါရှိသည့် အချက်များနှင့် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်တွင်ပါဝင်သည့်အချက်များကိုက်ညီရမှာဖြစ်ပါကြောင်း။အေဂျင်စီများအနေဖြင့် မိမိနိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် အကျိုးများကို ရှေးရှု၍ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မှန်ကန်စွာဆောင်ရွက်ဖို့ အထူးအလေးထားမှာ ကြားလိုပါကြောင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြုံတွေ့ရမည့် အခက် အခဲများဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ နေပြည်တော်တွင် Data Cleaning နှင့် Data Entry ပြုလုပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း
နေပြည်တော်၊ စက်တင်ဘာ လ (၁၁) ရက်
လူမှုဖူလုံရေးအဖွဲ့၏အကျုံးဝင်အာမခံအလုပ်သမားများ၏ ဖြည့်သွင်းထားသည့် ကိုယ်ရေး အချက်အလက်များအား Data Cleaning ပြုလုပ်ခြင်းနှင့် Data Entry ပြုလုပ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများအား ၃-၂-၂၀၁၈ ရက်နေ့ နှင့် ၄-၂-၂၀၁၈ ရက်နေ့ သတင်းစာတွင် ကြော်ငြာထည့်သွင်း၍ တင်ဒါခေါ်ယူခဲ့ပါသည်။ တင်ဒါ တင်သွင်းသည့် ကုမ္ပဏီများမှ တင်ဒါအဆိုပြုလွှာများ (Technical နှင့် Commercial Proposal များ) အား စီမံခန့်ခွဲမှုအပိုင်း (Administrative Evaluation) နှင့် နည်းပညာအပိုင်း (Technical Evaluation) ဟူ၍ နှစ်ပိုင်းခွဲ၍ Evaluation ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဈေးနှုန်းဖွင့်ဖောက်စိစစ်ရွေးချယ်ခြင်းလုပ်ငန်းများကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) ပါ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာတင်ဒါကော်မတီမှ အဆင့်လိုက် ရွေးချယ်သတ်မှတ် ထားသည့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအား ၁၉-၄-၂၀၁၈ ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ သတင်းအချက်အလက်များအား ထုတ်လွှင့်လျှက်ရှိသော https://www.mol.gov.mm တွင် ထည့်သွင်းကြေညာခဲ့ပါ သည်။ အဆိုပါ အဆင့်လိုက် ရွေးချယ်သတ်မှတ်ထားသည့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ဦးစားပေးအဆင့်(၁) ဖြစ်သည့် Partner Associates International Co.,Ltd နှင့် ၂၄-၈-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းအပ်နှံသည့်စာချုပ် ချုပ်ဆိုပြီးဖြစ်သဖြင့် ၂၈-၈-၂၀၁၈ ရက်နေ့မှစ၍ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ နေပြည်တော်တွင် Data Cleaning နှင့် Data Entry ပြုလုပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား စတင်ဆောင်ရွက်လျှက်ရှိပါသည်။
မြန်မာနိုင်ငံလုပ်သားစျေးကွက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဖွံ့ဖြိုး တိုးတက်လာစေရန်အလုပ်အကိုင် အခွင့်အလမ်း၊ အနည်းဆုံးအခကြေးငွေနှင့် လုပ်သားစျေးကွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
နေပြည်တော် စက်တင်ဘာလ ၂၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာ့လူမှု့စီးပွား ဖွံ့ဖြိုးမှုအဖွဲ့ (CESD) တို့ပူးပေါင်း၍ မြန်မာနိုင်ငံလုပ်သားစျေးကွက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဖွံ့ဖြိုး တိုးတက်လာစေရန် အလုပ်အကိုင်အခွင့်အလမ်း၊ အနည်းဆုံးအခကြေးငွေနှင့် လုပ်သားစျေးကွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ယနေ့နံနက် ၀၉၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူအမြဲတမ်းအတွင်းဝန်များ နှင့်ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော် မတီမှ ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်း များ၊အလုပ်ရှင်ကိုယ်စားလှယ်များ၊အလုပ်သမားကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများမှကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာမှသုတေသနအဖွဲ့ဝင်များ စုစုပေါင်း ၁၀၀ဦးခန့်တက် ရောက်ခဲ့ကြသည်။
အခမ်းအနားဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်း/ပြည်ပရှိ မြန်မာရွှေ့ပြောင်းလုပ်သားများကို အလုပ်သမားအခွင့်အရေး ရရှိရေး၊နိုင်ငံတကာအလုပ်သမားဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ အပြည့်အဝကာကွယ်စောင့် ရှောက်မှုပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ခေတ်နှင့် အညီလိုက်လျောညီထွေဖြစ်စေရန် ချဉ်းကပ်မှုပုံစံသစ်များဆောင်ရွက်ခြင်း၊ ပြင်ဆင်သင့် သည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ဖြည့်စွက် ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာ့လုပ်သားများ၏အခန်းကဏ္ဍကိုရှေ့တန်းသို့ရောက်ရှိအောင် ယခုဆွေးနွေးပွဲတွင် မူဝါဒ၊ သုတေသနတွေ့ရှိချက်များ၊ နိုင်ငံတကာအတွေ့အကြုံများ ကိုချိန်ဆ၍ အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ အနေဖြင့် မြန်မာ့လုပ်သားစျေးကွက်အတွင်း ရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်ရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိစေရန် အလုပ်ရှာဖွေနေသည့် လူငယ်များနှင့် အလုပ်ပေးလိုသည့် အလုပ်ရှင်များကို အလျှင်အမြန်ချိတ်ဆက်ပေးနိုင်ရေးအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (Labour Exchange Office) ၈၃ ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဖွင့်လှစ်ထားပြီး ဖြစ်သည့်အပြင် onlineမှ အချက် အလက်များကို ဖလှယ်နိုင်ရန် Labour Exchange Management System ထူထောင်ထားပြီး လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေအရ ၂၀၁၅ ခုနှစ်က ထုတ်ပြန် သတ်မှတ်ခဲ့သည့် အနည်းဆုံးအခကြေးငွေကို ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ လက်ရှိအခြေအနေနှင့်ကိုက်ညီမည့် နှုန်းထားအသစ်အဖြစ် ပြင်ဆင်သတ်မှတ်နိုင်ခဲ့သည့်အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ထံမှ နည်းပညာအကူအညီနှင့် အလုပ်သမားရေးရာ စံချိန် စံညွှန်းများကို သတ်မှတ် ပြဋ္ဌာန်းနိုင်ရေး ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အသစ်ချမှတ်လိုက်သည့်စီမံကိန်းတစ်ခုဖြစ်သည့် “မြန်မာနိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး စီမံကိန်း” ၌ နိုင်ငံတွင်း လုပ်သားစျေးကွက် ပြုပြင်ပြောင်းလဲရေးတိုးမြှင့်လုပ်ဆောင်မှုလုပ်ငန်၏ အရေးပါသည့် အခန်းကဏ္ဍကို ဦးစားပေးဖော်ပြထားရာ မြန်မာနိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်အောင်မြင်စေရန်ကောင်းမွန်သည့်အလုပ်အကိုင်အခွင့်အလမ်းနှင့်လုပ်ငန်းခွင် အခြေအနေ ဖန်တီးပေးနိုင်ရေးသည် အခြေခံကျပြီး ယနေ့ကမ္ဘာ့နိုင်ငံကြီးများ အကြားပြဿနာတွေ၊ ကြီးမားသည့်စိန်ခေါ်ချက်များနှင့်ကြုံတွေ့နေရချိန်တွင် ပြည်တွင်းစီးပွားရေးတိုးတက်ရန်အားဖြည့် ပေးနိုင်မည့်လက်တွေ့ကျပြီးထိရောက်တဲ့ မဟာဗျူဟာတစ်ခု ဖြစ်ပါကြောင်း။
စတုတ္ထအဆင့်စက်မှုတော်လှန်ရေးဟု တင်စားထားသည့် အဆင့်မြင့်နည်းပညာများ၊ အွန်လိုင်းစနစ်များကို ပြောင်းလဲကျင့်သုံးနေသည့် နိုင်ငံများနှင့်အပြိုင် ကမ္ဘာ့တန်ဖိုးမြှင့်ထုတ်လုပ်မှု ကွင်းဆက်ထဲသို့ နောက်ကျမှ ဝင်ရောက်ရသည့် မိမိတို့နိုင်ငံအနေဖြင့် စိန်ခေါ်မှု များစွာရှိပြီးအဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမိန့်ရှိသကဲ့သို့ စုပေါင်းအင်အား ဖြင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
လုပ်သားစျေးကွက် စီမံခန့်ခွဲမှုစနစ်များတွင် သင့်တော်မှန်ကန်သည့် နည်းပညာများကို အသုံးပြုနိုင်သည်နှင့်အမျှ အစိုးရအတွက်ရော ပုဂ္ဂလိကလုပ်ငန်းများအတွက်ပါ များစွာအကျိုးပြု နိုင်မယ်လို့ ယုံကြည်ပါကြောင်း။သို့ပါ၍ မိမိတို့နိုင်ငံ၏ လုပ်သားစျေးကွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်လာစေရန် တက်ရောက်လာကြသူများအနေဖြင့် ထိရောက်သည့် ချိတ်ဆက်မှုများ ဖော်ဆောင်ပြီး အကြံဉာဏ် ကောင်းများပေးနိုင်မည်ဟုယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ IDRC ကနေဒါမှ Dr. Edgard Rodriguez က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းမှ အမှုဆောင်အရာရှိ ဒေါက်တာ ဇော်ဦးမှ အလုပ်ရုံဆွေးနွေးပွဲနှင့်အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် သုတေသနအဖွဲ့များမှ ရေးသားပြုစုထားသည့် အဆိုပြုချက်များနှင့်အကြံပေးချက်များကို ဝိုင်းဝန်း အကြုံပြုသုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၂၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးဆောင်ရွက်မည့် မြန်မာနိုင်ငံတွင်သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် ဌာနေအစီအစဉ်(၂၀၁၈-၂၀၂၁) Myanmar Decent Work Country Programme – DWCP (2018–2021) အကောင်အထည်ဖော်ရေးကိစ္စရပ်များ၊အဓမ္မခိုင်းစေမှုပပျောက်ရေးကို နိုင်ငံတော်မှ ကိုယ်ပိုင်ယန္တရားတရပ်ထူထောင်ပြီး ဆက်လက်ဆောင်ရွက်သွားရန်၊ အလုပ်သမားရေးရာဥပဒေ များ နိုင်ငံတစ်ကာစံနှုန်းများနှင့်အညီဖြစ်စေရေး၊ လာမည့်အောက်တိုဘာလ အတွင်း အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ Direct Contacts Mission တစ်ရပ် မြန်မာနိုင်ငံ သို့လာရောက်မည့်ကိစ္စ၊ ၂၀၁၉ ခုနှစ်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO) နှစ်တစ်ရာပြည့်အထိမ်းအမှတ် ကျင်းပရေးအတွက် National Tripartite Dialogue Forum (NTDF)ဆောင်ရွက်ရေးကိစ္စရပ်များ၊၂၀၁၈ခုနှစ်နှစ်ကုန်ပိုင်းတွင် UK၊ ဘရာဇီးနိုင်ငံ၊ကာတာနိုင်ငံ နှင့် ဥဇဘက်ကစ္စတန် တို့မှမြန်မာနိုင်ငံသို့လာရောက်၍ ၎င်းတို့နိုင်ငံ အသီးသီး၏ အဓမ္မခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့်အတွေ့အကြုံများကို ဆွေးနွေးပွဲပြုလုပ်၍ဝေမျှမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ ကလေးလုပ်သားပပျောက်ရေးအတွက် နိုင်ငံတော် အဆင့်လုပ်ငန်းစီမံချက်ရေးဆွဲအကောင်အထည်ဖေါ်ဆောင်ရွက်မှု နှင့်ကော်မတီ တစ်ရပ် ထူထောင် ထားရှိမှုများနှင့်ပတ်သက်၍လည်းကောင်း၊အနာဂတ်တွင်အလုပ်သမားရေးရာကိစ္စရပ်မျာနှင့်စပ်လျဉ်း ၍ (ILO) နှင့်အပြုသဘောဆောင်သောပူးပေါင်း ဆောင်ရွက်မှုများဆက်လက်ပြုလုပ် ဆောင်ရွက် သွားရေး တို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးရေး အဖွဲ့များနှင့်တွေ့ဆုံပြီး ရနောင်းမြို့တွင် ကျင်းပသည့် ကြိုဆိုလက်ခံရေးနှင့် ပေါင်းစည်းရေးဗဟိုဌာန ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ ၂၅ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီး၏ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက် ပေးနေသော အဖွဲ့များ နှင့် စက်တင်ဘာလ ၂၂ ရက်နေ့က Emerald Hotel Panorama အစည်းအဝေးခန်းမတွင် တွေ့ဆုံ ခဲ့သည်။
တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် မိသားစုဝင်များအား တက်အား သရွှေ့ ကူညီစောင့်ရှောက်ပေးနေမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ နှင့်အညီ နည်းမှန်လမ်းမှန် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံရှိ သံအရာရှိ ၅ ဦးဖြင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ ယခင်က မြန်မာအလုပ်သမားအများစုသည် နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လုပ်ကိုင်ခဲ့ရ၍ လူကုန်ကူးခံရခြင်း၊ ခေါင်းပုံဖြတ်ခံ ရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် အဓမ္မ ခိုင်းစေခြင်းများ ခံခဲ့ရကြောင်း၊ ယခုအချိန်တွင် MoU စနစ်ဖြင့် တရားဝင် စေလွှတ်ခဲ့မှုကြောင့် အလုပ်သမားအခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ပိုမို ခံစားနေရကြောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး၏ ဦးဆောင်မှုဖြင့် မိမိသံအရာရှိများ၊ ထိုင်းနိုင်ငံရှိ အလုပ်သမားရေးရာ ဥပဒေများ ကျွမ်းကျင်သူ ဥပဒေအကြံပေး ထားရှိပြီး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ပူးပေါင်း ဆောင်ရွက်မှုကြောင့် မိမိလုပ်သားများအတွက် အခြေအနေကောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံတွင် ရောက်ရှိ လုပ်ကိုင်နေသော အထောက်အထားမဲ့ မြန်မာရေလုပ်သားများအား အထောက်အထား ထုတ်ပေးနိုင် ရေးနှင့် တရားဝင်လုပ်ကိုင်စေရေး၊ ဥပဒေပါ အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝ ရရှိစေရေး၊ One Stop Service ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်သည့် ကြိုဆို လက်ခံရေးနှင့် ပေါင်းစည်းရေးဗဟိုဌာန ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား အများဆုံး လာရောက်လုပ်ကိုင်နေသဖြင့် အလုပ်သမားရေးရာကိစ္စနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရေလုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီး ဥပဒေပါအခွင့်အရေးများ အပြည့်အဝ ရရှိစေရန် မြန်မာနိုင်ငံ ဘက်မှ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ရေလုပ်သားများ စေလွှတ်နိုင်ရေး ကော့သောင်းမြို့တွင် ရွှေ့ပြောင်းအလုပ်သမားရုံး ဖွင့်လှစ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ရေလုပ်သားများအတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ပြည်ပ မထွက်ခွာ မီ လုပ်ငန်းခွင်အကြိုသင်တန်းပေးခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ MoU လုပ်ငန်းစဉ် ပိုမိုအောင်မြင်စေရေး၊ ပွဲစားများ မမှန်မကန် ဆောင်ရွက်နေသည့် နှစ်နိုင်ငံအေဂျင်စီများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေသည့် အလုပ်ရှင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေလုပ်သားများ အန္တရာယ်ကြုံတွေ့ရပါက ၂၄ နာရီ ဝန်ဆောင်မှုပေးနိုင်သည့် ကူညီထောက်ပံ့ရေး ဌာနများကို ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် ၂၂ ခုမှ လှေဆိပ်များတွင် ဖွင့်လှစ်ထားရန်လိုကြောင်း၊ မြန်မာဘာသာစကား တက်ကျွမ်းသည့်ဝန်ထမ်းများကို ခန့်ထားပေးရန်နှင့် ရေလုပ်သားများကို အခြားလုပ်သားများနည်းတူ တန်းတူအခွင့်အရေးပေးရန်လိုပြီး စာရွက်စာတမ်းအထောက်အထား များ ကိုင်ဆောင်ခွင့်၊ အာမခံထားရှိခွင့်၊ ဆေးကုသခွင့်၊ ခွင့်ခံစားခွင့်၊ ခရီးသွားလာခွင့် ရရှိစေရ မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပိုမိုပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်းနှင့် One Stop Service Center ဖွင့်ပွဲ အခမ်းအနားကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီး၊ ရနောင်းမြို့တော်ဝန်၊ ထိုင်းနိုင်ငံ၊ ရေလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။